ဒိုက်ဦး ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယနေ့နံက်ပိုင်းက ဒိုက်ဦးမြို့၊ မြို့မစျေးအပြင်တန်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချနေသောအသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်ညွှန်းအမှတ်အသားများပြည့်စုံစွာဖေါ်ပြထားမူရှိမရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ပြန်/ဆက်(ဒိုက်ဦး)