သရက် ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး သရက်ခရိုင်ပြည်သူ့ဆေးရုံ၌ သရက်မြို့နှင့် ကံမမြို့နယ်မှ ဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးပေးရာတွင် သရက်မြို့နယ် ထုံးတောင်ကျေးရွာ ဘာဝနာကျောင်းတိုက်မှ ဦးကေသရဝဘုန်းတော်ကြီးသင်ပညာရေး ဆရာတော်၊ ကံမမြိုနယ် ထန်းကောက်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဇဝန နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် ဆရာတော်ကြီးနှင့် ကံမမြို့နယ် အင်ဘက်တောကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တစိတြဉာဏ နိုင်ငံတော် သံဃာမဟာနာယက ဆရာတော်ကြီးတို့အား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာညွန့်ရွှေအောင်ဦးဆောင်မှုဖြင့် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းတာပေးပြီး အာတရာဆောင်းရိုက်ခြင်း၊ အီးစီဂျီဆွဲပေးခြင်း၊ ဓါတ်မှန်ရိုက်ပေးခြင်းများ၊ သွားနှင့်ခံတွင်းစစ်ဆေးမှုများ ပြုလုပ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)