ချောင်းသာ၌ ဆီထွက်သီးနှံ(နေကြာ) စုပေါင်းစိုက်ပျိုးခြင်းများ ဆောင်ရွက်

ချောင်းသာ ဒီဇင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းပြီး ဆီထွက်သီးနှံ (နေကြာ)စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကံကြီးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးရာတွင် မြို့အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံတောင်သူများပါဝင်သော စုစုပေါင်းအင်အား (၇၀)ဦးခန့်က ကံကြီးကျေးရွာရှိ တောင်သူတစ်ဦးပိုင်ဆိုင်သည့် လယ်မြေ(၂) ဧကတွင် ဆီထွက်သီးနှံ (နေကြာ)မျိုးစေ့များအား အတန်းလိုက် စနစ်တကျမျိုးစေ့ချ စိုက်ပျိုး ခဲ့ကြသည်။

ချောင်းသာမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် မျိုးကောင်း၊ မျိုးသန့်များ ရရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်သည့် (ပိုက်ဆံလျှော်)မျိုးစေ့များနှင့် နေကြာမျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ဆီးထွက်သီးနှံ(နေကြာ) မျိုးစေ့များအား စနစ်တကျစိုက်ပျိုးထားကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)