ကျွန်းလှ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စုပေါင်းရုံး၌ ရောင်းချပေးကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်း တစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာနှုန်းကို ငွေကျပ် ၅၇၀၀ ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။
အဆိုပါ စားအုန်းဆီများ ရောင်းချပေးနေခြင်းကို ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ