သာပေါင်း ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စိုက်ဘဏ်မှ စိုက်ပျိုး စရိတ်ချေးငွေ ပြေလည်ပြီးဆပ်ရန်ကျန်ရှိ တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပြည်အေးခန်းမ၌ ကျင်းပသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးယူပြီး ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန်ရှိ တောင်သူများမှ တစ်အုပ်စုလျှင် တောင်သူ(၅)ဦးစီ ခေါ်ယူ တွေ့ဆုံကြရာ ကျေးရွာအုပ်စု (၃)၊ ငွေကြေးပြေလည်ပြီး ကြွေးဆပ်ရန်ကျန် တောင်သူ (၆၃)ဦးတို့ တတ်ရောက်ကြရာ ၂၀၂၀ ခုနှစ် မိုး၊ ဆောင်း၊ ကိုဗစ် စိုက်ပျိုးစရိတ် ချေးငွေပေးဆပ်ရန် ကျန်ရှိတောင်သူများနှင့် တွေ့ဆုံဆွေးနွေးရခြင်းအကြောင်းရင်းအား ရှင်းလင်းပြောကြားပြီး အမြန်ဆုံး အပြေအကြေ ပေးဆပ်ရန် တောင်သူများက သဘောတူလက်ခံသဖြင့် ကျေးရွာအုပ်စု (၃)အုပ်စု၊ တောင်သူ (၆၃)ဦးမှ ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်