ရွှေတောင်မြို့နယ် အ.ထ.က(ခွဲ)သရက်တောကျောင်းတွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/ ၂၀၂၃)သင်တန်းဆင်းပွဲကျင်းပ

ရွှေတောင် ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အ.ထ.က(ခွဲ) သရက်တောကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၃)သင်တန်းဆင်းပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာကြီးဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရွှေတောင်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစိုးမြင့်အောင်ကထပ်ဆင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရွှေတောင်မြို့နယ်ကြက်ခြေနီမြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်ကျော်မှ သင်တန်းဖွင့်လှစ်ရခြင်းအပေါ် ပူးပေါင်းဆောင်ရွက်ပေးခဲ့သော ကျောင်းအုပ်ဆရာမကြီးနှင့်သင်တန်းနည်းပြဆရာ/ဆရာမ၊ သင်တန်းသား၊ သင်တန်းသူများအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား(၃၀)ဦးတက်ရောက်ခဲ့ပြီး ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းတွင် ထူးချွန်သင်တန်းသား/သူတို့အား (ပထမ၊ ဒုတိယ၊ တတိယ)ဆုများအား အသီးသီးဆုချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ ဆက်)