ကျိုက်မရော ဒီဇင်ဘာ ၁၈
ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာနတ်သျှင်(ရွှေဂူ)ရေးသားသည့် လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက လူထူအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးရာ၌ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာပေအသိအမြင်များအား အချင်းချင်းဖလှယ်နိုင်ရန် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အထောက်အကူဖြစ်စေရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်းရှင်းလင်းဆွေးနွေးသည်။
ယင်းနောက်စာဖတ်ဝိုင်းကိုဆက်လက်ကျင်းပရာ Book Club အဖွဲ့ခေါင်းဆောင် ဒေါ်ယဥ်မင်းလတ်က မိတ်ဆွေကောင်းနှင့်ခရီးသွားပါ အကြောင်းအရာကိုလည်းကောင်း ဒေါ်စန္တာလင်းက ကူးစက်တတ်သော အမူအကျင့်စာပိုဒ်အားလည်းကောင်း၊ Book Club အဖွဲ့ဝင်ဒေါ်အိသက်မွန်က စာဖတ်ခြင်း အတတ်ပညာစသည့်အကြောင်းအရာတို့ကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသူများကလည်း မိမိတိုလေ့လာဖတ်ရှုထားသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကာ ဗဟုသုတမျှဝေခဲ့ကြသည်။
ကျိုက်မရောမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ လစဥ်အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းများကို လစဥ်ဆောင်ရွက်ခြင်းဖြင့် စာဖတ်သူတိုးပွားရေးကိုအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)