ငွေဆောင် ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ ညောင်မှော်ကျေးရွာ၊ တောင်သူဦးစံတုတ် ပိုင်ဆိုင်သော ကွင်းအမှတ်/အမည် ၁၉၈၃ (ရှောက်ချောင်းပြင်ကွင်း) ဦးပိုင်အမှတ် (၁၃)တွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ဦးဆောင်၍ ဆီထွက်သီးနှံ (နေကြာ) (၂) ဧက မျိုးစေ့ချစိုက်ပျိုးသည့် အခမ်းအနားအား ယနေ့နံနက် (၈း၀၀) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးသည့် အခမ်းအနားအား ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းသန့်နိုင်တို့မှ ဦးဆောင်ကာ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံတောင်သူများမှ စုစုပေါင်းအင်အား (၇၀) ဦးခန့်ဖြင့် အမှတ် (၄) ရပ်ကွက်၊ ညောင်မှော်ရွာ၊ တောင်သူဦးစံတုတ် ပိုင်ဆိုင်သော ကွင်းအမှတ်/အမည် (၁၉၈၃) (ရှောက်ချောင်းပြင်ကွင်း) ဦးပိုင်အမှတ် (၁၃) တွင် ဆီထွက်သီးနှံ (နေကြာ) (၂) ဧကအား အတန်းလိုက် စနစ်တကျ မျိုးစေ့ချစိုက်ပျိုးခဲ့ကြောင်း သိရသည်။
R–014 (ငွေဆောင်)