ပန်းတောင်း ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်သော အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်း များကို ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှိုင်တင့်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ကျော်မိုး၊ ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်နှင့် မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးမင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာ အကြီးအကဲများ လိုက်ပါ၍ ပန်းတောင်းမြို့၊ ဖောင်းကန်ရပ်ကွက်ရှိ မြန်မာ့ရိုးရာ အိုးလုပ်ငန်း အိုးထုတ်လုပ်မှု လုပ်ကိုင်သည့်နေရာ အားလည်းကောင်း၊ ကျွန်းမီးကျေးရွာနှင့် မကြီးထုံးကျေးရွာအတွင်း တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးထားရှိသည့် ဆီထွက် သီးနှံနှင့် စားဖိုးဆောင် သီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ငါးဆယ်ပေးကျေးရွာအုပ်စုရှိ ညောင်းကိုင်းဆည်သို့ ရောက်ရှိကာ ဆည်တူး မြောင်းမကြီး ပေတိုင် (၀+၀၀၀´)မှ (၀+၉၅၀´)အတွင်း မြေသား မြောင်းပုံစံကျပြုပြင်ခြင်းနှင့် ကွန်ကရစ်လိုင်နင်ပြုလုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာလို အပ်သည်များ မှာကြားခဲ့ကြောင်း သိရ သည်။
လပြည့်လင်း(ပြန်/ဆက်)