ပေါင် ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စစ်ဆေးခြင်းကို ယမန်နေ့ ညနေ (၄) နာရီက ပေါင်းရပ်ကွက်ရှိ စတိုးဆိုင်များ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးနေဇင်သက်နှင့် ဒုတိယဦးစီးမှူး ဦးအောင်မျိုးဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ စတိုးဆိုင်များတွင် ရောင်းချနေသည့် ဆိုင်များ၌ အသင့်သောက်အချိုရည်အမျိုးမျိုးတို့ကို ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ် အသားတွင် ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ တို့ကို စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဒေသတွင်းအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဉ်း၍ ယခုကဲ့သို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အတွက် အသိပညာပေးခြင်း၊ ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)