ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ပန်းတောင်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ဒေါင်းမြတ်နားကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ ကုန်ထုတ်လမ်းပြီးစီးမှု အခြေအနေအားလည်းကောင်း၊ လဲကျေးရွာအုပ်စု၊ လဲကျေးရွာရှိ တွင်းတိမ်လုပ်ငန်းနှင့် ဆိုလာရေတင်စနစ် စင်မြင့်မျှော်စင်ဆောက်လုပ်နေမှု အ​ခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ကျွန်းမီးကျေးရွာအုပ်စု၊ ဂျင်းရဲကျွန်းကျေးရွာရှိ ဆောင်းမြေပဲ၊ ဗီယက်နမ်မျိုးဧက (၃၀၀)စံပြစိုက်ခင်းအားလည်းကောင်း၊ ငါးဆယ်ပေးကျေးရွာအုပ်စု၊ ငါးဆယ်ပေးရွာရှိ စိုက်ပျိုးမြေဧက (၃၅၀) အားအကျိုးပြုလျက်ရှိသော ညောင်ကိုင်းဆည်တူးမြောင်းမကြီး ပေတိုင် (၀+၀၀၀´) မှ (၀+၉၅၀´)အတွင်းမြေသားမြောင်းပုံစံကျပြုပြင်ခြင်းနှင့် ကွန်ကရစ်လိုင်နင်ပြုလုပ်ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)