လက်ပံတန်း၌ တောင်သူနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ

လက်ပံတန်း   ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧကပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကြို့ပင်စခန်းကျေးရွာတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်က ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မိမိတို့ဒေသ၌ မြေပဲ၊ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလာမည့် ဆောင်းသီးနှံစိုက်ပျိုးရာတွင် ရည်မှန်းထားသော သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် မိမိတို့မြို့နယ် စိုက်ပျိုးကြီးကြပ်မှုကော်မတီအနေဖြင့် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တက်ရောက်လာကြသည့် တောင်သူများအနေဖြင့်လည်း ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရန်၊ စိုက်ချိန်နောက်မကျစေရန်၊ မြေပြုပြင်ရာတွင် စနစ်တကျပြုပြင်ပြီး သွင်းအားစုများ ထည့်သွင်း အသုံးပြုရန်လိုအပ်ကြောင်းနှင့် နည်းပညာဆိုင်ရာများအတွက် အခက်အခဲများ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ ဖြစ်ကြသည့် သက်ဆိုင်ရာမြို့နယ်အဆင့်ဌာနဆိုင်ရာများက မြေပဲစိုက်ပျိုးရာတွင် အထွက်ကောင်းဗီယက်နမ်မြေပဲမျိုးအား လည်း​ကောင်း၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများအတွက် TBL-9 ၊ ရေဆင်းအထွက်ကောင်းမျိုးများကို အသုံးပြုစိုက်ပျိုးရန်နှင့် သီးနှံအလိုက် စိုက်နည်းစနစ်များကို အသိပညာပေးဆွေးနွေးကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေကာ တက်ရောက်လာသည့် တောင်သူများမှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)