ကျွန်းလှမြို့၌ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချ

ကျွန်းလှ ဒီဇင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စုများ နေ့စဉ်စားသောက်ရာ၌ တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၆ နာရီခွဲက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ပြင်ပတွင် ဆန်တစ်ပြည်ငွေကျပ် ၄၀၀၀မှ ၆၀၀၀၊ ကြက်ဥတစ်လုံး ငွေကျပ် ၂၅၀ ဈေးရှိချိန် ဆန်တစ်ပြည်နှင့် ကြက်ဥနှစ်လုံးကို ငွေကျပ် ၃၀၀၀ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူးက ပြောကြားသည်။

အဆိုပါ တန်ဖိုးသင့်စားသောက်ကုန်များ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် အပတ်စဉ် မြို့ပေါ်ဈေးများ၌ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)