ပေါင်းတည်မြို့နယ် သပြေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူရေးရာ အသိပညာပေးဟောပြော

ပေါင်းတည် ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာ၊ အ​ခြေခံပညာမူလတန်းကျောင်း၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးကုန်မုန့်မျိုးစုံနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၄ရက်နေ့ နံနက်၁၀နာရီက အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ယင်းဌာနမှ တာဝန်ခံအရာရှိဦးနိုင်ဝင်းသိန်းက ကျောင်းသား၊ ကျောင်းသူလူငယ်လေးများအနေဖြင့် စားသုံးကုန်များ၏ ကုန်ညွှန်းအမှတ်အသားကို သိရှိနားလည်စေရန်၊ ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်၍ အဟာရပြည့်ဝစွာ စားသုံးတတ်စေရန် ရည်ရွယ်၍ နမူနာစားသောက်ကုန်များနှင့်တကွ ရှင်းလင်းပြသဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများနှင့် အပြန်အလှန်မေးမြန်း ဖြေကြားခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၈၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)