ရေတာရှည်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာဥာဏဝရ ရေးသားသည့် “လူငယ်များအတွက်စိတ်ဓါတ်အားမာန်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်      

ရေတာရှည် ​​ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်(Book Club) အဖွဲ့တို့ ပူး​ပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀း၀၀နာရီအချိန်က စာရေးဆရာဥာဏဝရ ရေးသားသည့် “လူငယ်များအတွက်စိတ်ဓါတ်အားမာန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်​​​​ကြူကြူခိုင်မှ စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်း​ပြောကြားပြီး​ “အောင်မြင်မှုကိုရယူပါ”​ခေါင်းစဥ်ဖြင့်လည်း​ကောင်း၊ (Book Club) အဖွဲ့ဝင်ဦး​ငွေစိုးက​“လျှောက်တတ်မှလမ်း” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦး​ဇော်​​ဇော်ထွေးမှ “စိတ်ဓါတ်မကျပါနဲ့”​ခေါင်းစဥ်ဖြင့် လည်းကောင်း၊ (Woman Club)အဖွဲ့၀င် မကြည်လဲ့ဝါမှ​“ထိပ်တိုက်ရင်ဆိုင်ပါ”ခေါင်းစဉ်ကို လည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြ​သော​ Book Clubအဖွဲ့ဝင်များက ခေါင်းစဥ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏အတွေ့အကြုံများ၊ အသိပညာဗဟုသုတများစသည်တို့ကို ရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)