ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ "ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့ " စာဖတ်ဝိုင်းပြုလုပ်

ပြည် ဒီဇင်ဘာ ၁၅

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့"ဆုံစည်းရာ" စာဖတ်ဝိုင်း(Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ဆုံစည်းရာစာဖတ်ဝိုင်း(Book Club) အဖွဲ့စာရေးဆရာအောင်စိုး(ပြည်)၊ စာရေးဆရာဦးသိန်းဝင်း၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးနှင့် စာရေးဆရာ ဦးညီစျာန်တို့ကစာပေအကြောင်းများနှင့် စာဖတ်ဝိုင်းရေရှည်တံ့ရေးကိုဆွေးနွေးဟော ပြောခဲ့ကြသည်။

ထို့နောက် ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့ဝင်များက စာရေးဆရာမွန်ဟော်စီ၏ "ဟန်ချက်ညီသောဘဝ"စာအုပ်ဖြင့် စာပေအကြောင်းများကိုအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကိုစိုး(ပြည်)