ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ စောင့်ရှောက်မှုဆောင်ရွက်ပေး

ဟုမ္မလင်း ဒီဇင်ဘာလ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာ ကုသခန့်မဆောင်တွင် သက်ကြီးဘိုးဘွားစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်း ကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အပတ်စဉ်​ သောကြာ​နေ့တိုင်း​​ ဆောင်ရွက်မှုပေးလျက်ရှိကြောင်း သိရသည်။

သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုဆောင်ရွက်ပေးခြင်းကို ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ရုံး ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်ဆွေ၊ ဒေါက်တာ နန်းဝင်းအောင်နှင့် ဆရာ/ ဆရာမများက သက်ကြီးရွယ်အိုများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံရှိသူ သက်ကြီးဘိုးဘွားများ   စုစုပေါင်း (၁၃၅) ဦးအား အခမဲ့ စောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားကျန်းမာရေး စောင့်ရှောက်မှုအစီအစဥ်တွင် ကျန်းမာရေးစစ်ဆေးမှုမခံယူမီ သက် ကြီးဘိုးဘွားများအား ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် ဦးတင်မောင်ဝင်း (HA1) က ဦးဆောင်လေ့ကျင့်ပေးခဲ့ကြောင်းနှင့် အာဟာရဒါနအ​နေ​ဖြင့်​ နို့ဆန်ပြုတ်တိုက်​ကျွေးခဲ့ ကြောင်း သိရသည်။
ဟုမ္မလင်း ပြန်/ဆက်