သံတွဲ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌(၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်ကဖတ်ကြားခဲ့သည်။ အဆိုပါသဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ၊မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)