စလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club ၊ Youth Club ၊ Women Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

စလင်း ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Youth. Club နှင့် Women. Cllub တို့ပူးပေါင်း၍ ခေါင်းဆောင်မှုပညာ သိကောင်းစရာစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book. Club အဖွဲ့ဝင် ဒေါ်နန္ဒာဝင်းက ဦးဆောင်၍  ခေါင်းဆောင်မှုပညာ သိကောင်းစရာ စာအုပ်မှ  ခေါင်းဆောင်ရင်ဆိုင်ရမည့် အရာများပါ  စာပိုက်များကို ဖတ်ကြားဆွေးနွေးရာ  ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လက္ခဏာအင်္ဂါရပ်တွေအကြောင်းအရာများမှ (၁)ဆက်သွယ်ရေးကောင်းမွန်သူဖြစ်ရမယ်၊ (၂) အဆင့်အသီးသီးတွင်ရှိနေကြသူများနှင့် အဆင်ပြေစွာဆက်ဆံတတ်သူ၊ (၃)ပတ်ဝန်းကျင်ရှိ  လူသားအားလုံးအပေါ်သစ္စာစောင့်သိသူ၊ (၄)ချီးကျူးသင့်သူကိုချီးကျူးတတ်သူ၊ (၅)ကိုယ်စားတာဝန်လွှဲအပ်နိုင်စွမ်းရှိသူ၊ (၆)စေ့ဆော်နိုင်စွမ်းရှိသူ (၇)မိမိဘဝကိုအလုပ်တွင်နှစ်မြှုပ်ထားတတ်သူ (၈)အခက်အခဲတို့ကို ရင်ဆိုင်နိုင်စွမ်းရှိသူ၊ (၉)အဖွဲ့ဝင်အားလုံးကိုကိုယ်စားပြုနိုင်သူ၊ (၁၀)မိမိတာဝန်ကို ကျေပွန်စွာယူတတ်သူဖြစ်ကြောင်း ထင်ရှားပြတတ်သူ၊ ပြနိုင်သူ၊ (၁၁)အဖွဲ့ဝင် တစ်ဦးချင်းအပေါ် စိတ်ဝင်စားမှုပြတတ်သူ၊ (၁၂)လေ့ကျင့်သင်တန်းပေးမှုကို သူကိုယ်တိုင်ပင်ဆောင်ရွက်တတ်သူ၊ တစ်ခါတစ်ရံတွင် ကျွမ်းကျင်သူများကို ဆောင်ရွက်စေရန် တာဝန်ပေးတတ်သူ  စသည့်အကြောင်းအရာများကို ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အဖွဲ့ဝင် ဒေါ်စန်းစန်းခိုင်က ခေါင်းဆောင်တစ်ဦးဖြစ်လာရင်  မလွဲမသွေရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲတွေအကြောင်းတို့ကို  ဆွေးနွေးခဲ့သည်။ ဆက်လက်၍  အဖွဲ့ဝင်  ဒေါ်သဲသဲက အလယ်အလတ်ခေါင်းဆောင်များ  အမြဲရင်ဆိုင်ရမည့် ပြဿနာများ စာပိုက်ပါများမှ  အကြောင်းအရာများကို ပြည့်စုံစွာဆွေးနွေးခဲ့ကာ  ခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းများ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရင်းနဲ့ ခေါင်းဆောင်ဆိုတာ စွမ်းရည်များပိုမိုတိုးတက်ပြီး မိမိကိုယ်ကိုယုံကြည်မှု ပိုမိုမြင့်မားလာမှာဖြစ်ကြောင်း  အသီးသီးဆွေးနွေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းများကို  မျိုးဆက်သစ်လူငယ်များ  စာဖတ်ရှုသည့်အလေ့အထများ ဖြစ်ထွန်းစေရန် ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့်  အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club Woman Club နှင့် Youth Club အသင်းများဖြင့် လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လွင်(စလင်း)