မြို့သစ် ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်းကျောင်းခွဲ (မြို့မ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်က ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာစေရေးအတွက် အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးအကြောင်းအရာများ၊ မြို့မစခန်းမှူး ဒုရဲမှူး စိုးမြင့်နိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်မိုးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်မျိုးသူက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဆယ်မောင်မှ စားသုံးရန်မသင့်သည့် စားသောက်ကုန်များအကြောင်းကို ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိစေရန် ပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက်)