မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

မုဒုံ     ဒီဇင်ဘာ    ၁၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်ပိုစတာပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.မ.က (ကွမ်တာသစ်)စာသင်ကျောင်း၌ ပြုလုပ်သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ ဆိုးကျိုးနှင့်အန္တရာယ်အကြောင်းအရာများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်းအရာများနှင့် ကျောင်းသား/သူများ လိုက်နာသင့်သည့်အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ကျောင်းသား/သူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲများပြုလုပ်ပေးပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်ပိုစတာများကိုပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)