ကြံခင်း ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ကျောင်းသား/သူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့နယ် (အ.မ.က) မဲကုန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ (အ.မ.က)မဲကုန်းကျောင်းအုပ်ဆရာကြီး ဦးမျိုးကျော်သူက ကျောင်းသား/သူများ အသိပညာ ဗဟုသုတများ တိုးပွားစေဖို့ အသိပညာပေးဟောပြောခြင်းအား အလေးထားမှတ်သားကြဖို့ ပြောကြားပြီးနောက်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကိုလည်းကောင်း၊ Book Club အဖွဲ့ဝင် ရာဇာငယ်(ကနောင်)က ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်နှင့် ပညာရေး တိုးတက်မြင့်မားစေရန် ဇော်ကန့်လန့်ပုံပြင်ဖြင့် အသိပညာပေးဟောပြောပါသည်။
ဆက်လက်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြင့်မားရေး အတွက် စာဖတ်ဝိုင်းပြုလုပ်ပေးကာ မြို့နယ်ဦးစီးအရာရှိက အမှတ်တရ လက်ဆောင်များ ပေးအပ်ပြီး အသိပညာပေး နံရံကပ်စာစောင်များပြသပေးရာ စိတ်ပါဝင်စားစွာကြည့်ရှု လေ့လာကြကြောင်းနှင့် ဟောပြောပွဲသို့ (အ.မ.က)မဲကုန်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၁၃၇)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)