မင်းလှ ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမူ အခြေခံသင်တန်း(BDMC) အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဆင်ပွဲကို မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က သင်တန်းမှ ပို့ချသော ပညာရပ်များဖြင့် မိမိမြို့/ကျေးရွာ၊ နေရာဒေသများတွင် အကျိုးရှိစွာ မျှဝေအသုံးပြုကြရန် ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူများက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် (နည်းပြ)အဖြစ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာန ဝန်ထမ်းများ၊ ထွေ/အုပ်၊ ကျန်းမာရေး၊ ပြန်/ဆက်၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့တို့က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမူ မိတ်ဆက်၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးစသည့် ဘာသာရပ်များကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၄ ရက်နေ့ထိ ပို့ချပေးခဲ့ရာ သင်တန်းသား/သူ (၃၀)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)