ကန်ကြီးထောင့် ဒီဇင်ဘာ ၁၅
ရန်ကုန်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကျေးရွာရှိ ကိုးနဝင်း ဘုန်းတော်ကြီးကျောင်း၌ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ သွားနှင့်ခံတွင်း ကျန်းမာရေးပညာပေးဟောပြောခြင်း၊ သွားကျန်းမာရေးစစ်တမ်း ကောက်ယူခြင်းနှင့် ဆေးကုသမှုပေး ခြင်းတို့ ဆောင်ရွက်ပေးခဲ့ သည်။
ထိုသို့ ကျန်းမာရေးပညာပေးခြင်း၊ သွားကျန်းမာရေးစစ်တမ်းကောက်ယူခြင်းနှင့် ဆေးကုသမှုပေးခြင်းတို့ ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်မှုအား ဧရာဝတီတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက ပေးအပ်ခဲ့ပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ရွှေတိုးက လက်ခံရယူခဲ့သည်။
အဆိုပါ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာများ၊ ကျောင်းသား/ကျောင်းသူများအဖွဲ့သည် ကျန်းမာရေးပညာပေးခြင်း၊ သွားကျန်းမာရေး စစ်တမ်းကောက်ယူခြင်းနှင့် လူနာ (၉၄)ဦးတို့အား သွားဘက်ဆိုင်ရာ ဆေးကုသမှုပေးခြင်းတို့ ဆောင်ရွက်ပေးရာသို့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ရွှေတိုး၊ ပါမောက္ခ ဒေါက်တာ ကိုကိုစိုး၊ တွဲဖက်ပါမောက္ခ ဒေါက်တာ မောင်မောင်မြင့်၊ ဧရာဝတီတိုင်း ဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ကန်ကြီးထောင့်မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မာလွင်တို့က ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)