ရွှေသောင်ယံမြို့တွင် ပိုက်ဆံလျှော်မျိုးစေ့ ကြဲပက်စိုက်ပျိုးပွဲ ပြုလုပ်

ရွှေသောင်ယံ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁) ရပ်ကွက်အပိုင် တောင်သူဦးမြင့်ဝင်း၏ လယ်မြေ ကွင်းအမှတ်(၁၂)၊ ကွင်းအမည် ခရင်ချောင်းပြင်၊ ဦးပိုင်အမှတ် (၁၉၉၄ B ပြင်) ပေါ်၌ ယမန်နေ့က ပိုက်ဆံလျှော်မျိုးစေ့ (၂)ဧက ကြဲပက်စိုက်ပျိုးပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။

သို့ရာတွင် ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရွှေသောင်ယံမြို့၊ အမှတ်(၁၊၂၊၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ပါဝင်က အင်အား (၂၅)ဦးခန့်ဖြင့် စုပေါင်းကြဲပက် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)