ရေကြည် ဒီဇင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဝိနယာဓိက ဝိနည်းအာဂုံ စာပြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က မြစည် မဟာစည်ရိပ်သာကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အတွင်းရှိ အပူဇော်ခံဝါစဉ်ဆရာတော်ကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဖတ်ပူဇော်၍ ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ဒီပါရုမ် ကျောင်းတိုင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူတော်မူကြပြီး မြစည်မဟာစည်ဆရာတော်မှ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဝိနယာဓိက ဝိနည်းအာဂုံစာပြန်ပွဲတော်ကို (၂)ရက်တိုင် ကျင်းပမည်ဖြစ်ပြီး စာပြန်ဆို သံဃာဝောာ် (၁၀၀)ပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)