ညောင်လေးပင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲ ကျင်းပ

ညောင်လေးပင် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စာစီစာကုံး၊ ကဗျာနှင့်‌ ဆောင်းပါးပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူး ဦးစောဝါးလယ်ထူးမှ ကြီးမှူး၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကာ အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၅)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် (၆)ဦး၊ အလယ်တန်းအဆင့် (၁၆)ဦး၊ မူလတန်းအဆင့် (၁၄)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းဆင့် (၃)ဦး စုစုပေါင်း (၄၄)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဟိန်းသူနိုင်(ပြန်/ဆက်)