စစ်ကိုင်း ဒီဇင်ဘာ ၁၅
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထုံးဘိုရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကာ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ယခုလိုအခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍၊ ကလေးငယ်များ အသိပညာ ဗဟုသတများ ရရှိစေရန် ဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းစာအပြင် စာအုပ်/စာပေများကိုလည်း ဖတ်ရှု လေ့လာသွားကြဖို့လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိအလိမ္မာများ ရရှိကာ အမှား၊ အမှန်ခွဲခြား နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း ယခုလို နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်များကို အခမဲ့ ငှားရမ်းပေးလျက်ရှိရာ လာရောက်ငှားရမ်းဖတ်ရှုလေ့လာကြဖို့ တိုက်တွန်း ပြောကြားလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား စာဖတ် စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည့်အပြင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ “ဇေယျာရွှေမြေ” လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြ သည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများရရှိစေရန် သုတ၊ ရသ စာအုပ်များကို နယ်လှည့်စာကြည့်တိုက် အဖြစ် အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများကျင်းပေးခြင်း၊ အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် အခါအားလျော်စွာ Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက် ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်