ကာလိမြို့၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်

ကာလိ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအလယ်တန်း(ခွဲ) ကျိုင်းလွန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ပြင်ပဗဟုသုတများရရှိစေရန်၊ စာပေဖတ်ရှုလေ့လာတတ်စေရန်၊ လိုအပ်သည့် အချက်အလက်များ လေ့လာတက်စေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို သုတ၊ ရသစာအုပ်စာစောင်များ ဖတ်ရှုစေပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)