စလင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အခြေခံပညာ (ထက်၊ လယ်/ မူ)အဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

စလင်း ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့နယ်  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက်  လွတ်လပ်ရေးနေ့  အထိမ်းအမှတ်အကြို အခြေခံပညာ (ထက်၊လယ်/ မူ) အဆင့်  စာစီစာကုံးနှင့်  ကဗျာပြိုင်ပွဲများကို  ယမန်နေ့  နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါ ပြိုင်ပွဲများသို့  စလင်းမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ  အထက်တန်းအဆင့်၊  အလယ်တန်းအဆင့်၊  မူလတန်းအဆင့်၊  ကျောင်းသား၊  ကျောင်းသူများက လွတ်လပ်ရေး၏  အသီးအပွင့်များ  ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ အထက်တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲတွင် (၈) ဦး၊  အလယ်တန်းအဆင့် (၇) ဦး၊ မူလတန်းအဆင့် (၁၁) ဦးနှင့်  ကဗျာပြိုင်ပွဲတွင်  အထက်တန်းအဆင့်  (၇) ဦး၊  စုစုပေါင်းကျောင်းသား၊  ကျောင်းသူ (၃၃) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ ပြိုပွဲများကို  ကျောင်းအလိုက်  သက်ဆိုင်ရာကျောင်းအုပ် ဆရာ၊ ဆရာမကြီးများနှင့်  ဆရာ၊ ဆရာမများက စီစစ်ကြီးကြပ်  ဆောင်ရွက် ခဲ့ကြောင်း  သိရသည်။

(မောင်လွင်)စလင်း