သာပေါင်းမြို့နယ်တွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသ

သာပေါင်း ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့က အခြေခံပညာ မူလတန်းလွန်ကျောင်း (နွားထောင်)၊ အခြေခံပညာမူလတန်း‌ကျောင်း (အင်းကုန်း)၊ အခြေခံ ပညာ မူလတန်းကျောင်း (သောင်ရွာ)၊ အခြေခံပညာမူလတန်းကျောင်း (ကျောင်းကုန်း) တို့တွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က နယ်လှည့် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ခင်းကျင်ပြသခဲ့ကြသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက “စာဖတ်ဖတ်ရှုရေး” အသိပညာပေး ခေါင်းစဉ်ဖြင့် ဟောပြောရာ ကျောင်းသား၊‌ ကျောင်းသူများအနေဖြင့် လူသားတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးသည် စာဖတ်ခြင်းပဲဖြစ်ပါကြောင်း၊ လူညံ့ တစ်ယောက်မဖြစ်ဖို့အတွက် စာဖတ်ဖို့လိုပါကြောင်း၊ ငယ်ရွယ်စဥ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကို လုပ်ဆောင်ဖို့လိုပါကြောင်း၊ စာအုပ်စာပေသည် သားတို့၊ သမီးတို့အတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ပါကြောင်း” ဟောပြောပြီး မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ‌ ဒေါ်သွယ်သွယ်အေးမှ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အချက်အလက်များ၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး‌ ဒေါ်ခိုင်ခိုင်ဝင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များအား ဆက်လက်ရှင်းလင်း အသိ ပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ‌ပေး နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်