ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

ရွှေတောင် ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ) ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်တည်/ကော်ပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေးကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်/ကော်ပါဌာနဆိုင်ရာ အကြီးအကဲများက ယမန်နေ့ နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃- ၂၀၂၄ ခုဘဏ္ဍာရေးနှစ် မြင့်မိုရ်ထိပ်ထားကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် နွားမယံကျေးရွာအုပ်စု၊ လေးကျွန်းဆီမီးကျေးရွာရှိ ၄ တွင်းနက် စက်ရေတွင်း တူဖော်မှု (၁၀၀) ရာခိုင်နှုန်းလုပ်ငန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် "ဇင်ယော်ဧရာ"ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆင်သေကျေးရွာအုပ်စု၊ ကုန်ထုတ်လမ်းဆောင်ရွက်မှု (၉၀)ရာခိုင်နှုန်း လုပ်ငန်းပြီစီးမှုအား ကြည့်ရှုစစ်ဆေးခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ၂၀၂၃- ၂၀၂၄ ခုဘဏ္ဍာရေးနှစ် ညောင်စာရေး-စိန်ကလေးလမ်း(၅၂၈၀"x၈၀"x၁၈"x၁၄")မြေသားတာဘောင်ချဲ့ခြင်းနှင့် ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)