ဟင်္သာတမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်၊ ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၁၅

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဟင်္သာတမြို့နယ်အတွင်းဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၈ အုပ်စုတို့မှ ကျေးလက်လမ်းတံတား လုပ်ငန်း ၁၅ ခု၊ အခြားလုပ်ငန်း ၃ ခုတို့အတွက် လုပ်ငန်းများလုပ်ဆောင်နိုင်ရန် ထောက်ပံမည့် ရန်ပုံငွေကျပ်သိန်း ၉၀၀ အနက်မှ ပထမအကြိမ် လုပ်ငန်းများစတင်နိုင်ရန်အတွက် ထောက်ပံ့ ရန်ပုံငွေကျပ် ၄၅၀ သိန်းကို မြို့နယ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လုပ်ငန်းများ ဆောင်ရွက်ခွင့် ရရှိသည့် ကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ရပ်ရွာဒေသဖွံ့ဖြိုး​တိုးတက်ရေးလုပ်ငန်းများကို သတ်မှတ်စည်းမျဥ်း စည်းကမ်း၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် တာဝန်ရှိသူများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေရရှိသည့် ကျေးရွာ အုပ်စုတို့မှ ဒေသခံအုပ်ချုပ်ရေးမှူးနှင့် လုပ်ငန်းကော်မတီများ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်