ပိုင်ကျုံမြို့ အခြေခံပညာကျောင်း၌ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ ဒီဇင်ဘာ ၁၄

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည်မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အ.မ.က-ရသေ့ကုန်းကျောင်းနှင့်ဘုရားကုန်းတို့တွင် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပလတ်စတစ်၏ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ နည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များစည်းကမ်းရှိပြီး လူ‌တော်လူကောင်းဖြစ်ဖို့ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားရန် လိုအပ်သည့်အကြောင်းများကို  ဆွေးနွေးပြောကြားခဲ့သည်။

ထိုလုပ်ငန်းကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတပိုမိုရရှိစေရန်အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်နှင့်ပတ်သက်သည့်   အသိပညာပေး‌နံရံကပ်စာ‌စောင်များကို ကျောင်းသားလူငယ်များတို့မှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)