ကျောက်ဆည် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (၃)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ခရိုင်အဆင့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
ပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ် မေတ္တာကိုယ်ပိုင်မှ မောင်သူရိန်ထွန်း၊ စဉ့်ကိုင်မြို့နယ်၊ စွန်ရဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ မောင်ဇော်လင်းထွန်း၊ မြစ်သားမြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ မောင်ရဲရင့်မာန်တို့က “လွတ်လပ်ရေးကြိုးပမ်းမှုနှင့်လူငယ်စွမ်းရည်”၊ “လွတ်လပ်ရေးနှင့်စည်းကမ်း”၊ “မမေ့အပ်သော မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုများ” စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)