မိုင်းယန်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိစေရန်အတွက် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ မင်းသန်းထိုက်(ဒေးဒရဲ) ရေးသားထားသော “စိတ်ပြင်ခြင်းအနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး “စိတ်ပြင်ခြင်းအနုပညာ” စာအုပ်မှ “အဖျက်စိတ်နှင့်လိပ်ပြာမလှသူများ” ခေါင်းစဉ်ဖြင့် ဉီးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ Book club အသင်းဝင် ဦးအောင်ဇင်ဦးက “အလုပ်ကိုဘယ်လိုလုပ်ကြဖို့လိုမလဲ”ခေါင်းစဉ် အကြောင်းအရာများဖြင့်လည်းကောင်း၊ Book club အသင်းဝင် ဦးခင်မောင်သန်းက “စိတ်ပြင်ခြင်းအနုပညာ” ခေါင်းစဉ် အကြောင်းအရာများဖြင့်လည်းကောင်း၊ Book club အသင်းဝင် ဦးမန်ကိုဟောက “အရာရာကျရှုံးသူများမဖြစ်ရအောင်”၊ Book club အသင်းဝင် ဦးဇော်မျိုးထက်က “ခေတ်ကိုမမီတော့ခြင်းများ”ဖြင့်လည်းကောင်း အတွေးအမြင်များကို ချပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး