ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ ကာယဉာဏ်ဏ ဖွံ့ဖြိုးတိုးတက်စေရန် ပြိုင်ပွဲများကျင်းပ

ချမ်းအေးသာစံ  ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏ်ဏ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက Community Centre တွင်  ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသားကျောင်းသူများ ကာယဉာဏ်ဏ ဖွံ့ဖြိုးတိုးတက်ရေး ပြိုင်ပွဲများ ကျင်းပပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ Community Centre တွင် လူငယ်များ၊ ကျောင်းသားကျောင်းသူများ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပြိုင်ပွဲများ ကျင်းပပေးနေမှုများကို ရှင်းလင်းပြောကြားပြီး သရက်တပင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ Grade -5 ကျောင်းသားကျောင်းသူလေးများအား လွန်ဆွဲပြိုင်ပွဲ၊ ပုံပြင် ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံဆက်ဆွဲပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီရေးဆွဲပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသားကျောင်းသူ (၃၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုရကျောင်းသား၊ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ပြီး ပျော်ရွှင်ဖွယ် ဂိမ်းကစားခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်