ကျိုင်းတုံမြို့၌ တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချပွဲ ကျင်းပမည်

ကျိုင်းတုံ ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ တိုးတက်အောင်မြင်ရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ၊ အစားအစာများလည်း တိုးတက်အောင်မြင်မှုရရှိစေရန်အတွက် တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချပွဲတော်ကို ဒီဇင်ဘာလ ၂၆ ရက်မှ ၂၇ ရက်ထိ ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ အမေ့ရင်ခွင်ကျောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချပွဲတော်တွင် ရှမ်းကြီး၊ တိုင်းလိ၊ ဂုံရှမ်း၊ တိုင်းနေ၊ ဗမာ၊ ပလောင်၊ တိုင်းလွယ်၊ အာခါ၊ အားခေ၊ လီဆူ၊ လားဟူ၊ “ဝ”၊ အဲန်တိုင်းရင်းသားများ၏ ရိုးရာအစားအစာ (၇၀) မျိုးကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပမှ လာရောက်လည်ပတ်ကြသူများကို တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများ၊ တေးသီးချင်းများ ဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကျိုင်းတုံရုံးခွဲ) မှ သိရသည်။  

အောင်ဇင်မြင့်(ပြန်/ဆက်)