နတ်မောက်မြို့ မြစည်းခုံလမ်းနှင့်မြို့ပတ်လမ်းတွင် လမ်းမီးတိုင်များ တပ်ဆင်

နတ်မောက် ဒီဇင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ပေါ်ရှိ ရပ်ကွက်များတွင် အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် လမ်းမီးတိုင်များထွန်းညှိခြင်း၊ အသစ်တပ်ဆင်ခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ လမ်းမကြီးဘေး ဝဲယာခြုံနွယ်ပိတ်ပေါင်းများ မရှိစေရေးတို့ကို အဖွဲ့ဝန်ထမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နတ်မောက်မြို့ မြစည်းခုံလမ်းတွင် လမ်းမီးတိုင်(၂)တိုင်၊ မြို့ပတ်လမ်းတွင် လမ်းမီးတိုင်(၈)တိုင်ခန့်ကို လမ်းမီးတပ်ဆင်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူမူစန်း