မြောင်းမြ ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာ အခြေခံစာစီစာရိုက် သင်တန်း (၃/၂၀၂၃) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက အဖွင့်အမှာ စကားပြောကြားပြီး အ.မ.က (လွန်) ဘုရားချောင်း (ရပ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်က အမှာစကား ထပ်ဆင့်ပြောကြားခဲ့ သည်။
မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာအခြေခံ စာစီစာရိုက် သင်တန်းကို ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယခုအမှတ် (၃/၂၀၂၃) သင်တန်းကို အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး တက်ရောက်ခဲ့ပြီး ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်