ဘိုကလေး ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းနှင့် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက် (၁၁)နာရီအချိန်၌ မီးဘေးလုံခြုံရေး၊ မီးဘေးကြောင့် နိုင်ငံ့ဘဏ္ဍာ၊ အဆောက်အဦများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးတို့အတွက် မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများနှင့် မြို့မဈေးကြီးအား မီးဘေးလုံခြုံရေးနှင့် စပ်လျဉ်းသည်များအား ကြည့်ရှု ကြပ်မတ်စစ်ဆေးကာ လိုအပ်သည်များအား တာဝန်ရှိသူများထံသို့ အကြံပြုမှာကြားခဲ့သည်။
စစ်ဆေးရာတွင် ဌာနဆိုင်ရာရုံးများ၌ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊ မီးချိတ်၊ မီးကပ်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အား သွယ်တန်းထားရှိမှု အခြေအနေများ၊ မြို့မဈေးကြီးတွင် အထက်ပါစစ်ဆေးမှုများအပြင် မီးသတ်ရေကန် ထားရှိသုံးစွဲမှု၊ ဈေးပိုင် မီးသတ်ယာဉ် အသင့်သုံးစွဲနိုင်မှု ရှိ/မရှိတို့အား စစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများထံ အကြံပြု လမ်းညွှန်မှာကြား ကြပ်မတ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)