ဓနုဖြူနယ်တွင် မြို့အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်

ဓနုဖြူ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့အတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်ကာ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ​ရပ်ကွက်နေပြည်သူများမှ စက္ကော့-ဓနုဖြူ-ဇလွန် လမ်းမကြီးဘေး၊ အမှတ် ၁၇ ရပ်ကွက်မှ အမှတ်၁၈ ရပ်ကွက်(မြို့ဝင် မှ မြို့ထွက် အထိ) လမ်းတစ်လျှောက်တွင် စုစုပေါင်း(၁၂၀) ဦးခန့်ဖြင့် ပလတ်စတစ်အမှိုက်ကောက်ခြင်း၊ သစ်ကိုင်းခြောက်များ ရှင်းလင်းဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် ဓနုဖြူမြို့နယ်အတွင်းရှိ ကားလမ်းမကြီးဘေး ဝဲ/ယာရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီသီးတို့မှ စျေးဆိုင်များအား အမှိုက်စနစ်တကျ စွန့်ပစ်စေရေး အသိပညာပေးပြောကြားခဲ့ပြီး၊ လူစည်ကားရာနေရာများ၊ လမ်းဆုံများ၌ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)