လပွတ္တာမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လှည့်လည်အသိပေးနှိုးဆော်

လပွတ္တာ ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးပေါ့ဆမှုမရှိစေရန်နှင့် မီးလောင်မှု လျှော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည် ကြေညာခြင်းကို ယမန်နေ့ ညပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေး လှည့်လည်ကြေညာခြင်းကို  မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိမ်းကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်း၍  ပွင့်လင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီးဖြစ်သဖြင့် မီးကို အထူးကရုပြုသုံးစွဲရေး၊ သတ်မှတ်ထားသည့် မီးသုံးစွဲချိန်အတိုင်း အသုံးပြုစေရေး၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်ထားရှိ လိုက်နာဆောင်ရွက်စေရေးတို့ကို လှည့်လည် အသိပေးနှိုးဆော် ကြေညာခဲ့ကြောင်း သိရသည်။

လပွတ္တာ ပြန်/ဆက်