အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမြင့်သန်းနှင့် အဖွဲ့သည် အဝေးပြေးယာဉ်ရပ်နားစခန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

အောင်လံ ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးမြင့်သန်းသည် အရည်အသွေးစစ်ဆေးရေး‌ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့်အတူ အောင်လံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ယမန်နေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးမြင့်သန်းက လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလထက်စော၍ ပြီးစီးအောင် ဆောင်ရွက်ရေးနှင့် လိုအပ်ချက်များအား ပြင်ဆင်ဆောင်ရွက်နိုင်ရေးတို့ကို ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာအား မှာကြားခဲ့ကြောင်း သိရသည်။

အောင်လံ(ပြန်/ဆက်)