ဂွ ဒီဇင်ဘာ ၁၃
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးအတွက် လူငယ်များ အသိဉာဏ် ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် စာကြည့်တိုက်သို့ အမြဲလာရောက်၍ စာပေများ ဖတ်ရှုလေ့လာစေရန်၊ အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း၊ နံရံကပ်၊ ဓာတ်ပုံပြပွဲများ ဆောင်ရွက်ခြင်း၊ စာဖတ်ဝိုင်များ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း စသည့် အသိပညာပေးခြင်း လုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်