စစ်ကိုင်း ဒီဇင်ဘာ ၁၂
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချင်းစု အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား/သူ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုလို အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍၊ ကလေးငယ်များ အသိပညာဗဟုသတများ ရရှိစေရန် ဟောပြောပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းစာအပြင် စာအုပ်/စာပေများကိုလည်း ဖတ်ရှုလေ့လာသွားကြဖို့လိုကြောင်း၊ စာဖတ်ခြင်းဖြင့် အသိအလိမ္မာများရရှိကာ အမှား၊ အမှန်ခွဲခြား နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း စာအုပ်များကို အခမဲ့ငှားရမ်းပေးနေလျှက်ရှိရာ လာရောက်ငှားရမ်းဖတ်ရှုလေ့လာကြပါလို ဖိတ်ကြားလိုကြောင်း ဆွေးနွေးပြောကြားပေးခဲ့ပြီး ကျောင်းသား/သူလေးများအား ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ “ဇေယျာရွှေမြေ” လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန် သုတ၊ ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် အခါအားလျော်စွာ Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက် မပြတ်ပြုလုပ်ဆောင်ရွက် ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်