ကျောင်းကုန်းမြို့တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ကျန်းမာရေးပညာပေးခြင်း၊ သွားကျန်းမာရေးစစ်တမ်း ကောက်ယူခြင်းနှင့် ကုသမှုပေးခြင်းတို့ဆောင်ရွက်ပေး

ကျောင်းကုန်း ဒီဇင်ဘာ ၁၃

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ ဆရာများ၊ ကျောင်းသား/ကျောင်းသူများက ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ မာလာကွင်းကျေးရွာ၊ လှည်းဆိပ်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း၍ သွားကျန်းမာရေးပညာပေးခြင်း၊ သွားကျန်းမာရေး စစ်တမ်းကောက်ယူခြင်းနှင့် ကုသမှုပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာများ၊ ကျောင်းသား/ကျောင်းသူများအဖွဲ့သည် ကျန်းမာရေးပညာပေးခြင်း၊ သွားကျန်းမာရေးစစ် တမ်းကောက်ယူခြင်းနှင့် လူနာ (၁၃၆)ဦးတို့အား သွားဘက်ဆိုင်ရာ ဆေးကုသမှုပေးခြင်းတို့ ဆောင်ရွက်ပေးရာသို့ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)