မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ချမ်းမြေ့(အ.မ.က) ကျောင်းတွင် နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်း ခန်းမတွင် ပြုလုပ်ဆောင်ရွက်သည်။
အဆိုပါကျောင်းတွင် နယ်လှည့်ဟောပြောပွဲ ပြုလုပ်ရာ၌ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဒုတိယဦးစီးမှူး ဦးတင်ဝင်းက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်အဖြစ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ရဲကိုမောင် (ပြန်/ဆက်)