ဟင်္သာတမြို့နယ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း နှစ်ထပ်စာသင်ဆောင် ဟောခန်းမ၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများမှ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ သင်တန်းသား၊  သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို တိုင်းနှင့်ပြည်နယ် အသီးသီးတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၉)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၁၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)