ဟင်္သာတ ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဟင်္သာတမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက တာကလေးရပ် ဦးအောင်မြတ်ကျော်တန်ဆောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် လဝကဦးစီးမှူး ဒေါ်သီတာအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်း၊ မြို့နယ်လဝကမှူး ဦးစိုးမြင့်အောင်နှင့် တာဝန်ရှိသူများမှ ပန်းဘဲတန်း ရပ်ကွက်မှ ၁၁ဦး၊ ကနောင်စု ရပ်ကွက်မှ ၂၃ဦး၊ တာကလေး ရပ်ကွက်မှ ၃၀ဦး စုစုပေါင်း ပြည်သူ၆၄ ဦး တို့အား နိုင်ငံသား စိစစ်ရေးကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)